Hello နဲ့ ပတ်သက်လို့ အသုံး ( ၅ ) မျိုး


Hello နဲ့ ပတ်သက်လို့ အသုံး ( ၅ ) မျိုး
----------------------------------------------

Active English သင်တန်းသားတွေ /
English ဘာသာစကား စတင်လေ့လာသူတွေ အတွက် ရည်ရွယ်တာမို့
အမြင်မတော်ရင် ကျော်ဖတ်သွားကြ နော်ဗျ

( Elementary / Pre-intermediate အဆင့်
လေ့လာသူတွေ အတွက် အဓိက ရည်ရွယ်ပါတယ် ။ )


" Hello " ကို

1. တစ်စုံတစ်ယောက် ကို မြင်တဲ့ ၊ တွေ့တဲ့အခါ
နှုတ်ဆက်ဖို့ အတွက် သုံးနိုင်ပါတယ် ။

Hello , John! How are you ?
ဟဲ့လို - ဂျွန် - နေကောင်းရဲ့ လား ?

( မှတ်ချက် ။ နေ့စဉ်သုံး အရပ်သုံးမှာတော့
Hello အစား Hi ကို ပိုပြီး အသုံးများပါတယ် ။
Hi က ပိုပြီး ရင်းရင်းနှီးနှီး ရှိစေလို့ ဖြစ်ပါတယ် ။)

2. ဖုန်း ပြန်ဖြေတဲ့အခါ ၊ ဖုန်း စပြောတဲ့အခါ မှာ သုံးနိုင်ပါတယ် ။

Hello - may I speak to Anne ?
ဟဲ့လို - အန်း နဲ့ စကားပြောနိုင်မလား ဗျာ ?

3. တစ်စုံတစ်ယောက် ကိုယ့်ကို အာရုံစိုက်မိအောင် ၊ သတိပြုမိအောင်
လှမ်းခေါ်တဲ့အခါမှာ သုံးနိုင်ပါတယ် ။

Hello ! Is there anybody home ?
ဟ လိုး - အိမ်မှာ လူရှိသလားဗျို့ ?

( " ဟဲ့လို - ဟ လိုး " စသဖြင့်
အသုံးချတဲ့ နေရာပေါ်မှာ မူတည်ပြီး
အသံ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ် ။
မြန်မာစာ နဲ့ English အသံကို ရေးပြရတာ အဆင်မပြေနိုင်တဲ့ အတွက်
English အသံထွက် Dictionary ကို အသုံးပြုဖို့ အကြံပေးပါရစေ ။

4. တစ်စုံတစ်ယောက်က မချင့်ချိန်ပဲ ၊ သတိမကပ်ဘဲ
တစ်ခုခု လုပ်လိုက်မိတယ် ၊ ပြောလိုက်မိတယ် လို့
ထင်တဲ့ အခါမျိုးမှာ လည်း Hello ကို အသုံးပြုပြီး ပြောနိုင်ပါတယ် ။

You didn't remember her birthday? Hello !
မင်း သူ့ မွေးနေ့ကို မမှတ်မိဘူး ? - ဟဲ့လို

( မှတ်ချက် ။ အပြော ဟန် စာကြောင်း တည်ဆောက်ပုံ ကို အသုံးချထားပေမယ့်
Yes/No မေးခွန်းမေးထားတဲ့ သဘောဆောင်နေလို့
အတက် သံ ( Rising Intonation ) ကို အသုံးပြုပြီး
ပြောရမှာကို သတိထားစေလိုပါတယ် ။ )

5. တစ်စုံတစ်ရာ ကြောင့် စိတ်ရှုပ်ထွေးရတဲ့အခါ ၊
အံ့အားသင့်ရတဲ့အခါမျိုးမှာလည်း သုံးနိုင်ပါတယ် ။
( British English မှာ အသုံး ပိုများပါတယ် ။ )

Hello ! What's happened here ?
ဟဲ့လို - ဒီမှာ ဘာဖြစ်နေကြတာတုန်း / ဘာဖြစ်သွားတာတုန်း ?

ဒီလောက် ဆိုရင်တော့ ဒီ နေ့ " Hello " သင်ခန်းစာအတွက်
ကျေနပ်လိမ့်မယ် ထင်ပါတယ်ဗျာ ။

" Hello " လေး တစ်ခွန်း ကို
သေသေချာချာ လည်လည်ဝယ်ဝယ် သုံးတတ်ပါစေဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
( Active English Class - 09 4311 5202 )


ကိုယ်ပိုင် ဝါကျ တည်ဆောက်လေ့ကျင့်ဖို့
( ဒါမှမဟုတ် )
နမူနာဝါကျတွေကို ပိုင်နိုင်အောင် လေ့ကျင့်ဖို့ တိုက်တွန်းပါရစေ ။
စကားလုံး တစ်လုံးချင်း ၊ ဖွင့်ဆိုချက် တွေ ၊ သုံးစွဲပုံတွေကို
ဒီအတိုင်းလေ့လာတာထက် ဝါကျ အတွင်းမှာ
( နောက်ခံ အခြေအနေ တစ်ခုနဲ့ ဆက်စပ်ပြီး )
လေ့လာတာက ပိုမို ထိရောက် အသုံး ကျလို့ပါ ။


စာဖတ်သူတို့ ပေးသွားတဲ့ like, share , comments လေးတွေက
စာဖတ်သူတို့အတွက် သိပ်တော့ အပန်းမကြီးလှပေမယ့်
ကျွန်တော်တို့တွေ ပုံမှန် စာဆက်ရေးဖို့ အတွက် အားဆေး တစ်ခွက်ပါဗျာ ။

ကျေးဇူးတင်ပါတယ် ။


Active English သင်တန်း တက်ဖို့ စိတ်ဝင်စားရင်တော့
ဖုန်း - ၀၉ ၄၃၁၁ ၅၂၀၂ ကို ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း
သတင်းကောင်း ပါးလိုက်ပါရစေဗျာ ။
သင်တန်း လိပ်စာက
အမှတ် ၁၀ - ၄ လွှာ ၊ဗိုလ်မှူးအောင်လမ်း ၊
တာမွေ အဝိုင်းထိပ်မှတ်တိုင် အနီးပါဗျာ ။

www.facebook.com/MmEnglishLearning

http://www.activeenglishmyanmar.com/2015/01/active-english-class.html  
<<< Active English မှ အသစ်ဖွင့်လှစ်မည့် တန်းခွဲများ ( အနီးဆုံး )


English ဘာသာစကား ဆောင်းပါးများ သင်ခန်းစာများ ဖတ်ရှူရင်း
English ဘာသာစကားကို ထိတွေ့မှု မပြတ်စေဘဲ
အမြဲ လေ့လာလိုသူများ အတွက်
Android App ကို ဒီ link ကနေ download ရယူနိုင်ပါတယ် ။

( http://www.mediafire.com/download/739htjok7ua0g9q/Active_English.learning.for.myanmar-June26.apk
<<< Mediarfire ကနေ Download ချနိုင်တဲ့ Link ပါဗျာ
Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment