ရေဘေး ကူညီနိုင်ဖို့အတွက်

ရေဘေးဒဏ်ခံ ဒေသတွေအတွက် ကျွန်တော်တို့လည်း တတ်စွမ်းသလောက်
အကူအညီပေးနိုင်ဖို့ ကြိုးစားစီစဉ်နေပါတယ် ။

ကျွန်တော်တို့ အနေနဲ့ #ActiveEnglish သင်တန်းသား/သူများ စုပေါင်းပြီးတော့ရော
#MyanmarDream မြန်မာ့အိပ်မက် စာရေးသူ၊ဖတ်သူများ အနေနဲ့ရော
အွန်လိုင်းပေါ်က တခြား ကျွန်တော်တို့ရဲ့ အသိမိတ်ဆွေ ၊ ညီအကို မောင်နှမများပူးပေါင်းပြီးတော့ရော
တတ်စွမ်းသလောက် ငွေအား ၊ ပစ္စည်းအား ကူညီနိုင်အောင် ကြိုးစားနေပါတယ် ။

အားလုံးကို စုပေါင်းပြီး " ကြယ်ငါး ကောက်သူများ " လို့ ယာယီ နာမည်ပေးထားပါတယ် ။

လောလောဆယ်မှာ ဖြတ်မရတဲ့ အလုပ်ကိစ္စတွေကြောင့်
သက်ဆိုင်ရာဒေသတွေကို သွားရောက်ပြီး ချက်ချင်း မကူညီနိုင်ပေမယ့်
နိုင်သလောက်တော့ တစ်နည်းနည်း နဲ့ ကူညီပေးနိုင်အောင် ကြိုးစားနေပါတယ် ။

ဒီ တစ်ပတ် ဗုဒ္ဓဟူး ( သို့မဟုတ် ) ကြာသပတေးမှာတော့ သင်တန်းပိတ်ပြီး 
ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ကူညီ လှုဒါန်းဖို့စီစဉ်ထားပါတယ် ။
ဒါကြောင့် ကျွန်တော်တို့ဆီကနေ တဆင့်
ရေဘေးဒဏ်ထိသော ပြည်သူအများကို ကူညီလှုဒါန်းနိုင်ကြောင်း ပြောလိုပါတယ်  ။
လှုတဲ့ နေရာမှာ ငွေ မှ မဟုတ်ပါဘူး ။
အစားအသောက် ၊ ဆေးဝါး ၊ အဝတ်အစား စတဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း လှုဒါန်းနိုင်ပါတယ် ။

#ActiveEnglish သင်တန်းသူ သင်တန်းသားများကတော့ သင်တန်းကို ယူလာပေးရုံပါပဲ ။
အခြား မိတ်ဆွေများအနေနဲ့ကတော့ လာပေးရမှာ အဆင်မပြေလို့
ကျွန်တော်တို့ဘက်က လာယူပေးဖို့ လိုအပ်ရင်လည်း လာယူပေးပါ့မယ် ။
ဖုန်း - 0925000 5174 / 0943115202/09 2522 74890 တို့ ကို ဆက်သွယ် နိုင်သလို
ဒီ စာကို တွေ့ရတဲ့ facebook account/page ရဲ့ message box ကနေလည်း ဆက်သွယ်နိုင်ပါတယ် ။

လေးစားလျှက်
- ကိုဇင်ဇေ
Founder and Trainer @ActiveEnglish

===

အခြားအခြားသော လူမှုရေး အဖွဲ့အစည်းတွေ ၊ နိုင်ငံရေးပါတီတွေ ၊ စီးပွါးရေး လုပ်ငန်းစုတွေ ၊
မီဒီယာတွေ ၊ တစ်ဦးချင်း နဲ့ အဖွဲ့လိုက်စေတနာရှင်တွေ အားလုံး မိမိတတ်စွမ်းသလောက်
ကူညီ လှုဒါန်းပေးနေတာ မြင်ရတော့  ဝမ်းသာ ဝမ်းနည်း ဖြစ် မိပါတယ် ။

ဝမ်းသာ မိတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ရည်ရွယ်ချက်တစ်ခုတည်းအတွက်
စည်းစည်းလုံးလုံး စုစုစည်းစည်း လုပ်ကိုင်နေကြတာကို မြင်ရကြားရလို့ပါ ။
ဝမ်းနည်းမိတာကတော့ ဒီ ရေဘေးဒဏ်ခံ ဒေသတွေအကြောင်း တွေးမိလို့ပါ ။
တကယ်တမ်းတော့ ဒီ ဒေသတွေဟာ အခုလို အရေးပေါ် အခြေအနေတွေမှာ အကူအညီတွေ လိုအပ်နေသလို
ပြန်လည် ထူထောင်ရေးကာလတွေမှာလည်း အကူအညီတွေ လိုအပ်သွားဦးမှာပါ ။

ပညာရှင် အသီးသီးရဲ့ အကြံပြုချက်တွေ လိုအပ်နေသလို ၊ ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ၊
ကယ်ဆယ်ရေး နဲ့ ထောက်ပံ့ရေး ပစ္စည်းလိုအပ်ချက်တွေကို
အချိန်နဲ့ တပြေးညီ ရရှိဖို့လည်း လိုအပ်နေပါတယ် ။
နည်းပညာ သမားများ အနေနဲ့လည်း အဲ့ဒီ အတွက် တတ်စွမ်းသလောက် ကူညီသင့်ပါတယ် ။
ကူညီနေတာကိုလည်း တွေ့နေရပါတယ် ။
ပညာရှင်တွေ ၊ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ရလာတဲ့ အချက်အလက်တွေကို
အများပြည်သူဆီကို မြန်မြန်ဆန်ဆန် တိတိကျကျရောက်သွားဖို့ က နည်းပညာသမားတွေ ကူမှ ရမှာပါ ။

ကျွန်တော့် အနေနဲ့တော့
- မိုးလေဝသ ဆိုင်ရာ ခန့်မှန်းချက်များအတွက် ဆရာ ဦးထွန်းလွင်
@[164065936955734:https://www.facebook.com/pages/U-Tun-Lwin/164065936955734?fref=ts] ( Page )
https://www.facebook.com/tunlwin48   ( Personal Account )

- ဘေးဆိုး ကပ်ဆိုး စီမံခန့်ခွဲရေးဆိုင်ရာ Disaster Management အတွက် ဆရာ မောင်မောင်မြင့်
https://www.facebook.com/profile.php?id=1598786646&fref=ts

- ရေလွှမ်းမိုးရာဒေသများရဲ့ အခြေအနေကို Satellite views / radar charts များနဲ့ ဖော်ပြပေးနေတဲ့ ဆရာ မောင်မောင် သန်း
https://www.facebook.com/maungmaungt?fref=ts

- ကယ်ဆယ်ရေးစခန်းတွေ ၊ အရေးကြီး အသုံးတည့်တဲ့ မြေပုံတွေ ၊ 
ဆည်များရဲ့ အခြေအနေကို အမှန်အတိုင်း ဖော်ပြပေးနေတဲ့ ကို စိုးလှိုင်မင်း
https://www.facebook.com/soehlaing.minn.1?fref=nf

တို့ကို အထူးပင် လေးစားကျေးဇူးတင်မိပါတယ် ။
အထက်ပါ ဆရာတွေဆီက ခိုင်မာတဲ့ သတင်းအချက်အလက်တွေကို ကိုးကားနိုင်ဖို့လည်း
သူတို့ရဲ့ လင့်များ ဖော်ပြပေးလိုက်တာပါ ။

====

( ဒီ စာစုဟာ ကျွန်တော်တို့ကို အရင်ကတည်းက သိပြီးသား
မိတ်ဆွေ များ ၊ သင်တန်းသားများ အတွက် ပိုမိုရည်ရွယ်ပါတယ် ။

အခုမှ ကျွန်တော်တို့ကို သိတာဆိုရင်တော့ပိုပြီး လူသိများပြီးသား
အရင်ကတည်းကလည်း လှုပ်ရှားမှု အရှိန်အဟုန် ကောင်းပြီးသားဖြစ်တဲ့
အောက်ပါ အဖွဲ့အစည်းများကနေ တဆင့်လည်း လှုဒါန်းနိုင်ဖို့ အသိပေးပြောကြားလိုပါတယ် ။

ကျွန်တော်တို့လည်း လိုအပ်လာရင် ဒီ အဖွဲ့တွေ ၊ ကွန်ယက်တွေကို ချိတ်ဆက်သွားမှာပါ ။
ဘယ်ကနေ လှုလှု အဓိကက ရေဘေးဒဏ်ခံ ပြည်သူများအတွက်
အထောက်အပံ့ကောင်း ဖြစ်ဖို့က အဓိကပါပဲဗျာ... )

နာရေးကူညီမှုအသင်း-ရန်ကုန်
https://www.facebook.com/FFSS.YGN?fref=ts

HHDV ပရဟိတ အဖွဲ့
https://www.facebook.com/ozzywin.lynnlonnnyo?fref=ts

Eleven Media Group
https://www.facebook.com/ElevenMediaGroup?fref=ts

တစ်ကိုယ်တော် ပရဟိတ သမားများ ကွန်ယက်
https://www.facebook.com/tacotaw.parahitathamarmyar?pnref=lhc

ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ရက်
https://www.facebook.com/YDYVN?fref=ts

နိုင်ငံရပ်ခြားကနေ အကူအညီပေး လှုဒါန်းလိုသူများကတော့
အများသိ စာရေးဆရာ ဆရာ ကိုမင်းဒင် https://www.facebook.com/min.din.58?fref
ဦးဆောင်နေတဲ့ မြန်မာနိုင်ငံရေဘေး ကယ်ဆယ်ရေး နိုင်ငံတကာ ကွန်ယက် ကို ချိတ်ဆက်ပြီးလည်း လှုဒါန်းနိုင်ပါတယ် ။
@[877380135650136:https://www.facebook.com/pages/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B1%E1%80%98%E1%80%B8%E1%80%80%E1%80%9A%E1%80%B9%E1%80%86%E1%80%9A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8-%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%9A%E1%80%80%E1%80%B9/877380135650136?fref=ts]

လေးစားလျှက်
- ကိုဇင်ဇေ

ဒီ ဘေးဆိုးကပ်ဆိုးကြီးကို ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အမြန်ဆုံး ကျော်လွှားနိုင်ပါစေဗျာ ။

#saveMyanmar
#SupportMyanmar

Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment