Unit-5_မိသားစု အကြောင်း စကားစမြည်

Unit-5

" မင်း မိသားစု အကြောင်းလေး ပြောပါဦး  "

တစ်ယောက်နဲ့ တစ်ယောက် မိသားစု အကြောင်း
စကားစမြည်ပြောတဲ့အခါ အသုံးချနိုင်မယ့် စကားပြောဟန်လေးတွေကို
လေ့လာလေ့ကျင့်နိုင်ဖို့တင်ပေးလိုက်ပါတယ် ။

Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အနေနဲ့
ဒီ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။

ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။
- English လို သက်သက် တစ်ပိုင်း
- မြန်မာလို သက်သက် တစ်ပိုင်း
- English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။

အဆင့်လိုက် လေ့ကျင့်နည်း
---------------------------------
အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။
အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။
ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။
အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။

English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။
ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် )
မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်အထိ လေ့ကျင့်ရမှာပါ ။

***
#ActiveEnglish သင်တန်းသားတွေကတော့ သင်တန်းမှာ လေ့ကျင့်ပေးထားတဲ့
Interchange 1 - Unit ( 5 ) နဲ့တွဲဖတ်ပြီး လေ့ကျင့်ပါ ။
ဒီမေးခွန်းတွေက အောင်မှတ် အဆင့်ပါ ။
ဒီလောက်ကို မေးနိုင်ဖြေနိုင်ရင် အောင်မှတ်ပါ ။
ထူးချွန်လိုသူတွေ အတွက်တော့ ( ဒီ သင်ခန်းစာ - Interchange 1 - Unit ( 5 )  - နဲ့ ပဲ )
ဆက်စပ်နေတဲ့ တခြား အမေးအဖြေတွေ ရှိပါသေးတယ် ။
နောင်မှ ထပ် တင်ပေးပါဦးမယ် ။

English ဘာသာစကား စွမ်းရည် တစ်နေ့တစ်ခြား တိုးတက်ရင်း
အသိပညာ သစ်တွေ / အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
( Founder and Trainer at #ActiveEnglish )

=====

အပိုင်း ( ၁ )

- မင်း မိသားစု အကြောင်း ပြောပြပါ ။

- မင်း က မိသားစုဝင် နည်းလား/များလား ?

- မင်းမှာ ညီ အကို မောင်နှမ ဘယ်နှစ်ရောက် ရှိသလဲ ?

- မင်း အခု အိမ်မှာ နေ နေတာလား ?

- မင်း ဘယ်နေရာမှာ အလုပ် လုပ်နေလဲ / စာသင်နေလဲ ?

- မင်း မိသားစု အကြောင်း ငါ့ကို ပြောပြပါ ။

- မင်း ( အဖေ/အမေ/အကို/ညီမ ) က ( Company နာမည် ) အတွက် အလုပ် လုပ်နေတာလား ?

- မင်း ( မိသားစုဝင် တစ်ယောက်ယောက် က ) အခုတလော ဘာတွေ လုပ်နေလဲ ?

- မင်း အတန်းဖော်/သူငယ်ချင်း က ဒီနှစ်မှာ အင်္ဂလိပ်ဘာသာစကား လေ့လာနေတာလား ?

- မင်းသူငယ်ချင်း ဘယ်နှယောက်က လူလွတ်လဲ / အိမ်ထောင်ကျပြီးပြီလဲ ? ( quantifiers တွေ သုံးပြီး ဖြေပါ )

- ငါ့ မိသားစု အကြောင်း မေးပါ / မင်း အတန်းဖော်/သူငယ်ချင်း ရဲ့ မိသားစုအကြောင်းမေးပါ ။

===

အပိုင်း ( ၂ )

- Tell me about your family.

- Do you come from a big / small family?
- How many brothers and sisters do you have?
- Are you living at home now?
- Where are you working / studying?
- Tell me about you family.
- Is your [family member] working for [company name]?
- What is your [family member] doing these days?
- Are [classmates] studying English this year?
- How many of your friends are single / married? 
- Ask me about my family or Ask [classmate] about his/her family.

===========

အပိုင်း ( ၃ )

- Tell me about your family.
မင်း မိသားစု အကြောင်း ပြောပြပါ ။

- Do you come from a big / small family?
မင်း က မိသားစုဝင် နည်းလား/များလား ?

- How many brothers and sisters do you have?
မင်းမှာ ညီ အကို မောင်နှမ ဘယ်နှစ်ရောက် ရှိသလဲ ?

- Are you living at home now?
မင်း အခု အိမ်မှာ နေ နေတာလား ?

- Where are you working / studying?
မင်း ဘယ်နေရာမှာ အလုပ် လုပ်နေလဲ / စာသင်နေလဲ ?

- Tell me about you family.
မင်း မိသားစု အကြောင်း ငါ့ကို ပြောပြပါ ။

- Is your [family member] working for [company name]?
မင်း ( အဖေ/အမေ/အကို/ညီမ ) က ( ကမ်ပနီ နာမည် ) အတွက် အလုပ် လုပ်နေတာလား ?

- What is your [family member] doing these days?
မင်း ( မိသားစုဝင် တစ်ယောက်ယောက် က ) အခုတလော ဘာတွေ လုပ်နေလဲ ?

- Are [classmates] studying English this year?
မင်း အတန်းဖော်/သူငယ်ချင်း က ဒီနှစ်မှာ အင်္ဂလိပ်ဘာသာစကား လေ့လာနေတာလား ?

- How many of your friends are single / married?
မင်းသူငယ်ချင်း ဘယ်နှယောက်က လူလွတ်လဲ / အိမ်ထောင်ကျပြီးပြီလဲ ? ( quantifiers တွေ သုံးပြီး ဖြေပါ )

- Ask me about my family or Ask [classmate] about his/her family.
ငါ့ မိသားစု အကြောင်း မေးပါ / မင်း အတန်းဖော်/သူငယ်ချင်း ရဲ့ မိသားစုအကြောင်းမေးပါ ။

Notes *
Quatifiers ဆိုတာ အရေအတွက်ပြ စကားလုံးတွေကို ဆိုလိုတာပါ ။
မြန်မာဘာသာစကားမှာဆိုရင် ( အားလုံး ၊ အားလုံးနီးပါး ၊ အချို့ ၊
နည်းနည်း ၊ အနည်းငယ် ၊ လုံးဝ စတာတွေ ကို ပြောတာပါ )

ယေဘူယခန့်မှန်းသုံးစွဲကြတာမျိုးပဲ ရှိပြီး ရာခိုင်နှုန်း အတိအကျကြီး သတ်မှတ်ထားတာမျိုးတော့မရှိပါဘူး ။
အားလုံး ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းပေါ့ ။
လုံးဝ မရှိတာကတော့ ၀ ရာခိုင်နှုန်းပေါ့ ။
ကျန်တဲ့ ကြားထဲကဟာတွေက ခန့်မှန်းသုံးစွဲကြတာပဲ ဖြစ်ပါတယ် ။

( ဥပမာ ပြောရရင် အချို့ ဆိုတာ ရာခိုင်နှုန်း ဘယ်လောက်လဲ လို့ အတိအကျ သတ်မှတ်ထားတာမရှိပါဘူး ။
အနည်းငယ် ဆိုတာလည်း ဘယ်လောက်လဲ လို့ အတိအကျ သတ်မှတ်ထားတာမရှိပါဘူး ။
ခန့်မှန်းခြေအားဖြင့်တော့ အချို့ဆိုတာ ၅၀ ရာခိုင်နှုန်းဝန်းကျင် လို့ သတ်မှတ်နိုင်ပြီး
အနည်းငယ်ဆိုတာ ၅ ကနေ ၂၀ ရာခိုင်နှုန်းလောက်လို့ ယေဘူယ သတ်မှတ်နိုင်ပါတယ် ။ )

English ဘာသာစကားမှာလည်း အဲလိုပဲ
အတိအကျကြီးတော့ သတ်မှတ်ထားတာမရှိပါဘူး ။
ခန့်မှန်းခြေတွေပဲ ရှိပါတယ် ။
ဒါကြောင့်  Quantifiers တွေကို
များရာမှ နည်းရာသို့ စီပေးလိုက်ပါတယ် ။
ကိုယ့်ဟာကို ချင့်ချိန် သုံးစွဲကြပါ ။

- All  ( 100 % )
- Nearly all
- Most

- Many
- A lot of
- Some

- Not many
- A few
- Few

- No one / Nothing ( 0 % )

==========

အခုလောက်ဆိုရင် မိသားစု အကြောင်း အတန်အသင့်ပြောနိုင်ပြီး
Quantifiers တွေလည်း သုံးနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။

English ဘာသာစကား စွမ်းရည် တစ်နေ့တစ်ခြား တိုးတက်ရင်း
အသိပညာ သစ်တွေ / အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
( Founder and Trainer at #ActiveEnglish )

---

ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော သင်ခန်းစာများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk


မှတ်ချက် ။ application version အဟောင်းများမှာ post အသစ် တင်သော်လည်း
phone အတွင်းသို့ ရောက်မလာတော့သောကြောင့်
သင်ခန်းစာများကို မလွတ်တမ်းလေ့လာလိုသူများ
အထက်ပါ version အသစ်ကို မဖြစ်မနေ download ချပြီး update လုပ်ထားသင့်ပါသည်
:)

---

အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ
သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)
>>>
http://www.activeenglishmyanmar.com/2015/07/active-english.html
Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment