#ActiveEnglish သင်တန်း ရဲ့
တန်းခွဲတွေ အားလုံးကို
25.4.2016 မှ ပြန် စဖွင့်မှာပါ ။
( ပိတ်ရက်တွေ အကုန် အစားထိုး ပြန်ဖြည့်ပေးသွားမှာပါ )
- သင်တန်း အပ် လက်ခံတာကိုလည်း အဲ့ဒီ နေ့မှပဲ
တရားဝင် စပြီး ပြန်လက်ခံ သွားမှာပါ ။
( တန်းခွဲသစ်တွေ 27 မှာ စမှာဆိုတော့ အဲ့ဒီရက်အနည်းငယ်လေးအတွင်း သေချာလာအပ်နိုင်ဖို့လိုပါတယ် ။
သင်ကြားရေးမှာ ပိုပြီး ထိရောက်အောင်
သတ်မှတ်လူဦးရေပြည့်ရင် ထပ် လက်မခံတော့လို့ပါ ။
သင်္ကြန် အပြီးနဲ့ ခပ်ခွာခွာလေး ထားပြီးမှ
ပြန်ဖွင့်တာ အကြောင်း ၂ ခု ရှိပါတယ် ။
၁။ သင်တန်းက ဆရာတွေနဲ့ ဝန်ထမ်းတွေ
အေးအေးဆေးဆေး အနားရစေချင်လို့ပါ ။
၁ နှစ်ပတ်လုံး ပင်ပန်းကြတယ်လေ :)
၂။ ActiveEnglish သင်တန်းသား/သူတွေ အတွက်
သင်တန်း မတက်ဖြစ်သေးပေမယ့်
English ဘာသာစကားကို အမှန် တကယ် လေ့လာချင်သူတွေအတွက်
ထိရောက်တဲ့ အစီအစဉ် အသစ်တွေ လုပ်ဖို့
အချိန် ပို ရချင်လို့ပါ ။
ကျွန်တော်တို့အနေနဲ့ ၆/၇ လပိုင်း လောက်က စပြီး
အစီအစဉ် သစ်တွေ စဖို့ ရှိပါတယ် ။
လက်ရှိ လေ့လာနေသူတွေလည်း ပိုပြီး အဆင်ပြေအောင်
နောင် လေ့လာမယ့်လူတွေလည်း ပိုပြီး အဆင်ပြေထိရောက်အောင် ရေးဆွဲထားတဲ့ အစီအစဉ်တွေပါ ။
( သင်တန်းသားဟောင်းတွေလည်း ပြန် ဆက်သွယ်ကြစေချင်ပါတယ် )
ဘာတွေလဲဆိုတာ မစခင်/ မပြီးခင် ကြိုတော့
မပြောချင်သေးပါဘူး ။
ဒါပေမယ့် စောင့်ရကျိုးနပ်မယ့် အစီအစဉ်တွေ ဖြစ်ဖို့ ကြိုးစားနေပါတယ် ဆိုတာလေးတော့
ကြိုပြောထားချင်ပါတယ်ဗျာ
:)
ကိုဇင်ဇေ
( Founder & Trainer Active English သင်တန်း )
0 comments :
Post a Comment