♦ English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့
လူတိုင်း သုံးနိုင်တဲ့
နည်းစနစ် ♦
ကျွန်တော် ညွှန်ပေးထားတဲ့
Cambridge - Interchange ( Intro/1/2/3 ) သင်ရိုးကို ကိုယ့်ဘာသာကိုယ် ဝယ်ပြီး လေ့လာနေကြတာကို ပြန်ကြားရလို့ ဝမ်းသာပါတယ် ။
တကယ် လေ့လာတဲ့အခါမှာ
လိုအပ်ချက်တွေ ၊ မသေချာတာတွေ ရှိလို့ လာမေးကြတဲ့ထဲက
အရေးကြီးမယ်လို့
ထင်တဲ့ အချက် ၁ ချက်ကို အဓိကထားပြီး ဖြေပေးလိုက်ပါတယ်ဗျာ ။
Interchange တင်မကပဲ
နိုင်ငံတကာ သင်ရိုး တစ်ခုခု သုံးပြီး
English ဘာသာစကားကို
ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း
ဒီ လေ့လာနည်း စနစ်ကို
သုံးနိုင်ပါတယ် ။
:)
( ကျွန်တော့် လမ်းညွှန်ချက်
အတိုင်း ကြိုးစားနေတဲ့
တခြား အဝေးရောက်
လေ့လာနေသူတွေ ရှိရင်လည်း
ကျွန်တော့် ကို
Message ပို့ထားပေးနိုင်ပါတယ် ။
လိုအပ်တဲ့ အကြံဉာဏ်
ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့
နောင် အဝေးသင် အစီအစဉ်
သေချာ စ ဖြစ်တဲ့အခါ
အကြောင်းကြားပေးနိုင်အောင်လို့ပါ
။ )
:)
အမေး ။ ( သတ်ပုံ
တွေက မူရင်း မေးသူ ရေးပို့လိုက်တဲ့ အတိုင်းပါပဲ )
ဆ၇ာ ဆ၇ာရဲ့www.activeenglishmyanmar.com
မှာ ရေးထားတဲ့ ကိုယ့်ကိုတိုင်လေ့လာနည်းအ၇
ကျနော်
interchange series ကိုစတင်လေ့လာနိုင်ရန် data တွေစုဆောင်းပီးပါပြီ
ဘယ်လိုဘယ်ပုံလေ့လာရမလဲဆိုတာလေ
ကျနော့်ကို ပြောပြပေးပါဆ၇ာ
ကျနော့်level က
level 1 စလေ့လာရမှာပါဆ၇ာ
ကျနော်ဆိုလိုချင်တာက
အသံဖိုင်ကိုနားထောင်ရင် စာကိုလိုက်ကြည့်ရမှာလား
အဲလိုမျိုးပြောတာပါဆ၇ာ
အသံကိုပဲ သည်းသန့်နားထောင်ရမလား
ဘယ်လိုမျိုးလေ့ကျင့်ရမလဲ
မသိလို့ပါဆ၇ာ ကျေးဇူးတင်ပါတယ်ဆ၇ာ
♦
♦
♦
ကျွန်တော့် အဖြေ
။
တကယ်တမ်းတော့ သင်ရိုး
၁ ခုတည်းကိုပဲ ဆရာ အမျိုးမျိုးက
ကိုယ့်သင်တန်းသားတွေရဲ့
အသက် အရွယ် ၊ စိတ်နေစိတ်ထား နဲ့ Level အပေါ်
မူတည်ပြီး
ချဉ်းကပ်ပုံ အမျိုးမျိုး
နဲ့ သင်လေ့ရှိပါတယ် ။
ညီကတော့ ကိုယ့်ဘာသာကိုယ်
လေ့လာနေရတာ ဖြစ်တဲ့အတွက်
ဒီ နည်းလမ်းတွေအတိုင်း
အဆင့်ဆင့် လုပ်သွားတာ ပို အကျိုးရှိပါလိမ့်မယ် ။
Interchange စာအုပ်ထဲမှာ
ပါတဲ့ Conversation တွေကို လေ့လာတဲ့အခါ ....
♦ Listening တိုးတက်ဖို့ အတွက် ...
၁။ စာ ကို လုံးဝမကြည့်ပဲ
အသံ သီးသန့် အရင် နားထောင်ပါ ။
၂။ အဓိက ကျတယ်လို့
ထင်ရတဲ့ အချက်တွေ လိုက်မှတ်ပါ ။
( ပြောသူတွေရဲ့ နာမည်
၊ ဇာတိ ၊ ဘာပြောကြသလဲ စတာတွေပေါ့ )
၃။ မရှင်း ရင် (
လိုအပ်ရင် ) နောက် တစ်ခေါက် စာကို လုံးဝမကြည့်ပဲ အသံ သီးသန့် ပြန် နားထောင်ပါ ။
၎။ ပြီးမှ စာသားကို
ကြည့်ပြီး ဖတ်ပါ ။
( အေးအေးဆေးဆေး အချိန်ယူဖတ်ပါ ။ အသံ မဖွင့်ထားပါနဲ့ ဦး ။ )
၅။ ပြီးရင် စာသားကို
ကြည့်ပြီး တစ်ပြိုင်တည်း အသံကို လိုက်နားထောင်ပါ ။
( အသံ ဖိုင် နားထောင်ရင်း
စာသား လိုက်ဖတ်ပါ ။ )
( အဲ့အချိန်မှာ
Contraction / Linking / Stress / Reduction တွေကို သတိထားရတော့မှာပါ ။
စာမှာ လွယ်ပြီး
အသံမှာ ခက်နေတာတွေကို အထူး သတိထားမှတ်သားရမှာပါ ။ )
၆။ ပြီးရင် စာအုပ်ပြန်ပိတ်
ပြီး ပြန်နားထောင်ပါ ။
ဒီ တစ်ခါ နားထောင်တဲ့အခါ ၁ ကြောင်းပြီး တိုင်း
Pause လုပ်ပြီး
ကိုယ်ကပါ လိုက်ပြောကြည့်ပါ
။
( ပီပီပြင်ပြင် မရတဲ့
နေရာဆိုရင် သေချာမှတ်သားဖို့ စာသားကို ပြန်ဖတ်ကြည့်ပါ ။ )
♦ Speaking တိုးတက်ဖို့ အတွက် ...
၇။ စကားပြောခန်းဆိုတော့
အနည်းဆုံး ဇာတ်ကောင် ၂ ယောက် ပါပါလိမ့်မယ် ။
တစ်ယောက်ချင်း စီရဲ့
နေရာကို အသံဖိုင်ဖွင့်ပြီး ကိုယ်က လိုက်ပြောပါ ။
( Pause မလုပ်ပဲ
တောက်လျှောက်လိုက်ပြောမှာ ဖြစ်တဲ့အတွက်
၂ ယောက်လုံးနေရာကနေ
မပြောပဲ ၁ ယောက် တည်း နေရာကိုသာ လိုက်ပြောပါ ။ )
၈။ ကိုယ် မသိတဲ့
ဝေါဟာရ ၊ Grammar Rules , Sentence Patterns စတာတွေ ပါလာရင် မှတ်စုထုတ်ပါ ။
( ကိုယ့်ဘာသာကိုယ်
လေ့လာတဲ့အခါ ဆရာက ဘေးကနေ မရှင်းပြနိုင်တဲ့အတွက် Vocabulary စာအုပ် ကောင်းကောင်း ၊
Grammar စာအုပ် ကောင်းကောင်းတွေ ကို မဖြစ်မနေ ကိုးကားရပါလိမ့်မယ် ။ )
၉။ ဒီ စကားပြောခန်းကနေ
ရလိုက်တဲ့ ဝေါဟာရတွေ ၊
Grammar Rules ,
Sentence Patterns တွေကို
ကိုယ့်လက်ရှိ အနေအထားပေါ်မှာ
အစားထိုး တီထွင်ပြီး ပြောကြည့်ပါ ။
( ဘေးကနေ အမှား စစ်ပေးမယ့်
ဆရာ မရှိတဲ့အတွက်
တတ်နိုင်သလောက် အရမ်း
မကွန့်ပဲ
ရှိရင်းစွဲ စကားပြောခန်းနဲ့
အနီးစပ်ဆုံး အစားထိုးပြောပါ ။)
၁၀။ ကိုယ် လေ့လာလိုက်တဲ့
စကားပြောခန်းကို မှီငြမ်းပြီး
ကိုယ်ပိုင် စကားပြောခန်း
တစ်ခု ဖန်တီးပါ ။ ပြောဆို လေ့ကျင့်ပါ ။
ဒီ အချက် ၁၀ ချက်ကို
လိုက်နာပြီး လေ့ကျင့်မယ်ဆိုရင်တော့ အချိန်တိုအတွင်း ထိထိရောက်ရောက် တိုးတက်လာပါလိမ့်မယ်
။
သတိထားရမှာက
- လွယ်လွန်းလို့လည်း
မပေါ့ပါနဲ့ ။
- ခက်လွန်းလို့လည်း
မကြောက်ပါနဲ့ ။
- လေ့လာစရာ ရှိတာကို
ပုံမှန် သာ လေ့လာသွားပါဗျာ ။
English ဘာသာစကား
စွမ်းရည် တစ်နေ့တခြား တိုးတက်လာပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းများကို
ရယူ ပိုင်ဆိုင်နိုင်ပါစေဗျာ ။
လေးစားလျက်
ကိုဇင်ဇေ
=====
* Listening လေ့ကျင့်တာနဲ့
ပတ်သက်လို့ ဒီ စာစုလေးလည်း ရေးပေးထားပါတယ် ။
မဖတ်ရသေးရင် သွားဖတ်လိုက်ပါဦး
။ :)
* Online ပေါ်ကနေ
English ဘာသာစကား လေ့လာနေသူတွေ အဆင်ပြေအောင်
အခမဲ့ ဖြန့်ချီပေးထားတဲ့
Android Application နဲ့ စာအုပ်တွေကို ဒီ Link မှာ သွားယူလို့ ရပါတယ် ။ :)
* ရှေ့မှာ ညွှန်ပေးထားတဲ့
ဆောင်းပါးကို မဖတ်ဖူးသေးရင် ဒီမှာ သွားဖတ်နိုင်ပါတယ်ဗျာ :)
English ဘာသာစကားကို
မိမိဘာသာ လေ့လာလိုသူများ အတွက်
" ပန်းတိုင်
တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ "
လေးစားလျှက်
#ကိုဇင်ဇေ
♦
♦
♦
(
#ActiveEnglish စကားပြော သင်တန်း ဦးစီး တည်ထောင် သင်ကြားသူ
#MyanmarDream လူငယ်
ကိုယ်ရည် ကိုယ်သွေး တိုးတက်ရေး မဂ္ဂဇင်း ကို ( အခမဲ့ ) စီစဉ်ထုတ်ဝေသူ )
တစ်နည်းအားဖြင့်
..... " ကြယ်ငါး ကောက်နေသူ "
=====
Active English သင်တန်း
အကြောင်း
♦
English ဘာသာ စကားကို
ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့်
ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...
"English ဘာသာစကား
ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့်
လှေကား ဖြစ်စေရပါမယ် ..."
♦
English ဘာသာစကား
နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ...
♦
သိတော့ သိတယ် ပြောလို့
မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်...
♦
ကိုယ့်ကိုကိုယ် တိုးတက်အောင်
ဘာဆက်လုပ်လို့ လုပ်လို့
လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ...
♦
သင်ခန်းစာတွေတင်
မက
English ဘာသာစကား
လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ...
♦
စေတနာ ထားပြီး အပြန်အလှန်
ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်....
♦
ဆရာ ကိုဇင်ဇေ ကိုယ်တိုင်
( အခြား သင်ကြားရေး
အတွေ့အကြုံရှိပြီး စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ )
ဦးစီး တည်ထောင်
သင်ကြားနေတဲ့
Active English ကို
လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ
:)
***သင်တန်း အချိန်ဇယားများ
( တင်္နလာ မှ ကြာသပတေး
= ၆ ချိန် )
7:00-8:30 AM /
9:00-11:00 AM /
1:00-3:00 PM /
4:00-5:30 PM /
5:30-6:30 PM /
6:30-8:00 PM
( စနေ / တနင်္ဂနွေ
= 7 ချိန် )
7:00-8:30 AM /
9:30 - 11:00
AM/
11:30 - 2:00 PM
(Sunday only)
2:00-3:30 PM /
3:30-5:00 PM /
5:00 -6:30 PM/
6:30-8:00 PM
( တနင်္ဂနွေ သီးသန့်ဝိုင်းတွေကိုလည်း
တောင်းဆိုသူများလာတဲ့အခါ အချိန် အဆင်ပြေရင် စီစဉ်ပေးပါတယ် )
လတိုင်း သက်ဆိုင်ရာ
အချိန်အလိုက် တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ်
:)
#ActiveEnglishသင်တန်း
မှာ
အဓိက Level 3 ခု
ခွဲထားပြီး အသေးစိတ် ထပ်ခွဲလိုက်ရင်တော့ Level 6 ခု ဖြစ်သွားပါတယ်
အောက်ပါ အတိုင်းပါ
:)
1. Elementary
to Pre-intermediate
( Part-1 )
2.
Pre-intermediate ( Part-2)
3. Intermediate
( Part-1)
4. Intermediate
( Part-2)
5. Upper
Intermediate ( Part-1)
6. Upper
Intermediate ( Part-2 )
ဆက်သွယ်ရန် :
ဖုန်း - 09 4311
5202 / 09 2522 74890
သင်တန်းလိပ်စာ :
အမှတ် ၂၉ / A ၊ မြေညီထပ်
၊ ၁၆၇ လမ်း ၊ တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ်
မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ )
လေးစားလျှက်
ကိုဇင်ဇေ
0 comments :
Post a Comment