မနက်ဖြန် တန်းခွဲသစ် ၂ တန်း စ ဖွင့်မှာနော် ။


မနက်ဖြန် <  27.8.2016 > မှာ တန်းခွဲသစ် ၂ တန်း စ ဖွင့်မှာနော် ။
တကယ်လို့ မနက်ဖြန် စတက်ရင်း
လာအပ်မယ်ဆိုရင်လည်း ရပါသေးတယ်လို့ သတင်းပါးလိုက်တာပါ ။
:)

(1) Sat/Sun ( 7:00 - 8:30 AM ) > စတင်ဖွင့်လှစ်မည့်နေ့ _ 27.8.2016
> Elementary to Pre-intermediate - Part ( 1 ) Level
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

(2) Sat,Sun ( 5:00 - 6:30 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 27.8.2016
> Intermediate Part ( 1 ) Level
> သင်တန်းကာလ = ၃ လ > သင်တန်းကြေး = 55,000 kyat

=====

သင်ကြားမှု ပုံစံ

♦ Applied English ကို အဓိက ထားပြီးသင်မှာပါ…
4 skills လုံး သင်မှာ ဖြစ်ပေမယ့်
Listening နဲ့ Speaking ကို (၈၀) ရာခိုင်နှုန်း ဦးစားပေးသွားမှာပါ။

♦ သင်ရိုးကို ခိုင်မာပြီး စနစ်ကျအောင် Cambridge University ရဲ့ Course တွေကို ယူသုံးပါတယ်။
Cambridge သင်ရိုးမှာ မပါတဲ့ တစ်ခြား လိုအပ်မယ်ထင်တာလေးတွေ၊
Pair Work ( ၂ ယောက် တစ်တွဲ ) လေ့ကျင့်တာတွေ အပြင်
Group Work ( အဖွဲ့လိုက် ) လေ့ကျင့်တာတွေ ၊
Group Discussion -အဖွဲ့လိုက် ဆွေးနွေးခိုင်းပြီး
ပြန်ပြီး Presentation လုပ်ခိုင်းတာတွေ ပါပါမယ် ။

( သင်တန်းသားတွေရဲ့ Level အလိုက် ချိန်ညှိပြီး လုပ်ပေးသွားမှာပါ ။ )
သင်တန်းရဲ့ အဓိက ဟန်ဖြစ်တဲ့ Personal Development,
Motivation, Effective Thinking, Successology စတဲ့ အကြောင်းအရာတွေကို
ဆရာ ကိုဇင်ဇေ က ဖြည့်စွက်ပြီး သင်ပေးပါတယ်။

♦ (Reading & Writingက အရင်ကျောင်းတွေမှာလဲ အတော် လုပ်ခဲ့ပြီးသား ဖြစ်ကြမှာပါ။)
ဒီတော့ အဓိက အားနည်းနေတဲ့ အပိုင်းတွေကို အရင် စကိုင်မှာပါ။
Grammar အဓိက ထားပြီး သွားတဲ့ သင်ကြားမှု ပုံစံမျိုး မဟုတ်ဘဲ
လက်တွေ့ အသုံးချ ဘာသာစကား သင်ကြားရေး ပုံစံကို အဓိက ထားမှာပါ။
(ပြောချင်တာက ကျောင်းသင် ပုံစံမဟုတ်ဘဲ Grammar က အနောက်က လိုက်မှာပါ။)

♦ ဆရာတွေကို မရှိန်အောင် ၊ မေးစရာရှိတာကို ပေါ့ပေါ့ပါးပါး မေးရဲအောင်
သင်တန်းသားတွေ အချိန်တိုတိုနဲ့ နားလည်လွယ်အောင် လို့
ဆရာတွေက English လို ( ၁၀၀ ရာခိုင်နှုန်း ) တောက်လျှောက် ပြောသင်တဲ့ နည်းစနစ်ကို မသုံးပါဘူး ။
ဒါပေမယ့် ကျောင်းသားတွေရဲ့ Level အလိုက် လိုက်နိုင်လောက်တယ် ထင်သလောက်ကို
English လို ညှပ် ညှပ်ပြီး ရှင်းပြတာမျိုး လုပ်ပေးသွားမှာပါ ။

♦ လက်ရှိ စဖွင့်တဲ့ သင်တန်း တန်းခွဲတွေမှာ သဒ္ဒါကို အလွန်အမင်း ဦးစားပေးပြီး မသင်ပါဘူး။
နားထောင်မှု စွမ်းရည်၊ တုံ့ပြန်နိုင်မှု စွမ်းရည် ၊ တွေးခေါ်မှု စွမ်းရည်၊
ပြောဆို ဆွေးနွေးမှု စွမ်းရည်တွေကို လေ့ကျင့် သင်ကြား ပေးဖို့အတွက် အချိန် ပိုပေးချင်လို့ ဖြစ်ပါတယ်။

♦ Grammar တအား အားနည်းတဲ့ ကျောင်သားတွေ အတွက်တော့
လိုအပ်သလောက်ကို ညှိပြီး အကြံပေး လမ်းညွှန်ပေးပါတယ်။
ဆရာကိုယ်တိုင် အချိန်အနည်းငယ် ပေးပြီး တွဲဖက် လေ့လာရမယ့် ဖြည့်စွက် စာအုပ်တွေနဲ့
လေ့လာရမယ့် ပုံစံတွေကို ဆွေးနွေးပေးပါတယ်။
အချိန် အခက်အခဲကြောင့် တစ်ဦးချင်းခေါ်ပြီး ထပ်သင်ပေးတာမျိုး မလုပ်နိုင်ပေမယ့်
အဆင်ပြေမယ့် တန်းခွဲတွေမှာထပ်ကျော့ ပြီး တက်ရောက် လေ့လာလေ့ကျင့်နိုင်ဖို့ သင်တန်းမှူးတွေနဲ့ ညှိနှိုင်းနိုင်ပါတယ်။
:)

တကယ်လို့ စာ မလိုက်နိုင်ရင် အတန်းမစခင် (ဒါမှမဟုတ်) ပြီးသွားတဲ့အခါ
ကျွန်တော် (ဆရာကိုဇင်ဇေ) နဲ့ တစ်ဦးချင်းတွေ့ခွင့်တောင်းပြီး ဆွေးနွေးလို့ရပါတယ် ။
ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့် အခြေအနေကို ပြောပြတိုင်ပင်ရင်
ကျွန်တော်တို့ အထိရောက်ဆုံး ကူညီလမ်းပြ သင်ကြားပေးမှာပါ ။

♦♦♦ တကယ်တမ်းတော့ ဇွဲလေး နည်းနည်း ထည့်လိုက်ရင်
တော်ရုံ အားနည်းသူတွေတောင် လိုက်နိုင်ကြပါတယ်။
:)

=====

ဘယ် Level တက်ရမယ်ဆိုတာကို
Placement Test တော့ ဖြေစရာ မလိုပါဘူး ။

♦ အခုမှ စပြီး သင်တန်းတက်မယ့်သူ / အခြေခံကနေ စချင်သူ /
Elementary to Pre-intermediate ( Part-1 ) တက်မယ့်လူတွေက
အနိမ့်ဆုံး ပညာအရည်အချင်း ၁၀ တန်းအောင်ဆိုရင် အဆင်ပြေပါတယ် ။
ဘွဲ့ရပြီးသူတွေ / လုပ်ငန်းခွင် ဝင်နေသူတွေလည်း အခြေခံအားနည်းရင်
Level( 1 )- Part (1) < Elementary to Pre-intermediate > တန်းကနေပဲ စတက်ပါဗျာ ။

♦ သင်တန်းသားတွေ ရရင် ရသလောက် ဆွဲတင်သွားမှာ ဖြစ်ပေမယ့်
Pre-intermediate ( Part-2 ) အတွက်
Target Vocabulary Range က ( 4,000 to 5,000 ) ပါ ။
အနည်းဆုံး 2,500 to 3,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

♦ Intermediate ( Part-1 ) အတွက်
Target Vocabulary Range က ( 5,000 to 6,500 ) ပါ ။
အနည်းဆုံး 4,000 to 5,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

တကယ်လို့ စာ မလိုက်နိုင်ရင် အတန်းမစခင် (ဒါမှမဟုတ်) ပြီးသွားတဲ့အခါ
ကျွန်တော် (ဆရာကိုဇင်ဇေ) နဲ့ တစ်ဦးချင်းတွေ့ခွင့်တောင်းပြီး ဆွေးနွေးလို့ရပါတယ် ။
ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့် အခြေအနေကို ပြောပြတိုင်ပင်ရင်
ကျွန်တော်တို့ အထိရောက်ဆုံး ကူညီလမ်းပြ သင်ကြားပေးမှာပါ ။

Level-1 ကနေ စမတက်ဘဲ ကျော်တက်ချင်တယ်ဆိုရင် သင်တန်းကို
လူ ကိုယ်တိုင် လာဆွေးနွေးတာ ပို အဆင်ပြေပါတယ် ။
တခြား ဘယ်သင်တန်းတွေ မှာ ဘယ်လောက် ကြာအောင် လေ့လာဖူးတယ်။
ဘယ်သင်ရိုးတွေနဲ့ ဘယ် အဆင့်အထိ လေ့လာဖူးတယ်
ဆိုတာတွေ နဲ့ ချိန်ညှိပြီး သင့်တော်မယ့် Level ကို အကြံပြုပေးပါတယ် ။
တက်ရောက်မယ့်လူဘက်ကလည်း ကိုယ်တိုင် ချင့်ချိန် ဆုံးဖြတ်နိုင်ပါတယ်ဗျာ
:)

=====

♦ သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း (ရာပြည့်စျေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
:)

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍လမ်းညွှန်မေးမြန်းနိုင်ပါတယ်
:)

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 /09 25000 5174

♦ မနက် ရ နာရီ မှ ည ၈ နာရီအထိ သင်တန်းဖွင့်ပါတယ် ။
လာအပ်လို့ ရပါတယ် ။
:)

www.facebook.com/MmEnglishLearning
www.activeenglishmyanmar.com
<<< သင်တန်း Page နဲ့ Website မှာ သင်ခန်းစာ အချို့ ကြိုတင် လေ့လာလို့ ရပါတယ် ။
Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment