Hello နဲ့ ပတ်သက်လို့ အသုံး ( ၅ ) မျိုး ( Unicode font )



Hello နဲ့ ပတ်သက်လို့ အသုံး ( ၅ ) မျိုး
----------------------------------------------

Active English သင်တန်းသားတွေ /
English ဘာသာစကား စတင်လေ့လာသူတွေ အတွက် ရည်ရွယ်တာမို့
အမြင်မတော်ရင် ကျော်ဖတ်သွားကြ နော်ဗျ :)

( Elementary / Pre-intermediate အဆင့်
လေ့လာသူတွေ အတွက် အဓိက ရည်ရွယ်ပါတယ် ။ )

♦♦♦

" Hello " ကို

♦ 1.
တစ်စုံတစ်ယောက် ကို မြင်တဲ့ ၊ တွေ့တဲ့အခါ
နှုတ်ဆက်ဖို့ အတွက် သုံးနိုင်ပါတယ် ။

Hello , John! How are you ?
ဟဲ့လို - ဂျွန် - နေကောင်းရဲ့ လား ?

( မှတ်ချက် ။ နေ့စဉ်သုံး အရပ်သုံးမှာတော့
Hello အစား Hi ကို ပိုပြီး အသုံးများပါတယ် ။
Hi က ပိုပြီး ရင်းရင်းနှီးနှီး ရှိစေလို့ ဖြစ်ပါတယ် ။)

♦ 2.
 ဖုန်း ပြန်ဖြေတဲ့အခါ ၊ ဖုန်း စပြောတဲ့အခါ မှာ သုံးနိုင်ပါတယ် ။

Hello - may I speak to Anne ?
ဟဲ့လို - အန်း နဲ့ စကားပြောနိုင်မလား ဗျာ ?

♦ 3.
တစ်စုံတစ်ယောက် ကိုယ့်ကို အာရုံစိုက်မိအောင် ၊ သတိပြုမိအောင်
လှမ်းခေါ်တဲ့အခါမှာ သုံးနိုင်ပါတယ် ။

Hello ! Is there anybody home ?
ဟ လိုး - အိမ်မှာ လူရှိသလားဗျို့ ?

( " ဟဲ့လို - ဟ လိုး " စသဖြင့်
အသုံးချတဲ့ နေရာပေါ်မှာ မူတည်ပြီး
အသံ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ် ။
မြန်မာစာ နဲ့ English အသံကို ရေးပြရတာ အဆင်မပြေနိုင်တဲ့ အတွက်
English အသံထွက် Dictionary ကို အသုံးပြုဖို့ အကြံပေးပါရစေ ။

♦ 4.
တစ်စုံတစ်ယောက်က မချင့်ချိန်ပဲ ၊ သတိမကပ်ဘဲ
တစ်ခုခု လုပ်လိုက်မိတယ် ၊ ပြောလိုက်မိတယ် လို့
ထင်တဲ့ အခါမျိုးမှာ လည်း Hello ကို အသုံးပြုပြီး ပြောနိုင်ပါတယ် ။

You didn't remember her birthday? Hello !
မင်း သူ့ မွေးနေ့ကို မမှတ်မိဘူး ? - ဟဲ့လို

( မှတ်ချက် ။ အပြော ဟန် စာကြောင်း တည်ဆောက်ပုံ ကို အသုံးချထားပေမယ့်
Yes/No မေးခွန်းမေးထားတဲ့ သဘောဆောင်နေလို့
အတက် သံ ( Rising Intonation ) ကို အသုံးပြုပြီး
ပြောရမှာကို သတိထားစေလိုပါတယ် ။ )

♦ 5.
တစ်စုံတစ်ရာ ကြောင့် စိတ်ရှုပ်ထွေးရတဲ့အခါ ၊
အံ့အားသင့်ရတဲ့အခါမျိုးမှာလည်း သုံးနိုင်ပါတယ် ။
( British English မှာ အသုံး ပိုများပါတယ် ။ )

Hello ! What's happened here ?
ဟဲ့လို - ဒီမှာ ဘာဖြစ်နေကြတာတုန်း / ဘာဖြစ်သွားတာတုန်း ?

~~~~~~~~~~~~

ဒီလောက် ဆိုရင်တော့ ဒီ နေ့ " Hello " သင်ခန်းစာအတွက်
ကျေနပ်လိမ့်မယ် ထင်ပါတယ်ဗျာ ။

" Hello " လေး တစ်ခွန်း ကို
သေသေချာချာ လည်လည်ဝယ်ဝယ် သုံးတတ်ပါစေဗျာ ။
:)

လေးစားလျှက်
ကိုဇင်ဇေ�
Active English သင်တန်း - ကိုဇင်ဇေ�

=============

ဒီလို အလားတူ သင်ခန်းစာတွေကို မလွတ်တမ်းဖတ်နိုင်ဖို့
ဒီ Page ကို Like လုပ်ပြီး
1. See first
2. Get Notification ထပ်ယူ ထားနိုင်ပါတယ်ဗျာ
:)

~~~~~~~~~~~~~~~~~~

သင်တန်းတက်ပြီး စနစ်တကျ ထိထိရောက်ရောက် လေ့လာချင်ရင်
Active English သင်တန်း အကြောင်းကို ဒီမှာ လေ့လာနိုင်ပါတယ် ။ :)

ဒီ အတန်းတွေက အခုရက်ပိုင်းအတွင်း ဖွင့်မှာပါ ။
ကျန်တဲ့ အတန်းတွေလည်း ထပ်ပြီး စုံစမ်းနိုင်ပါတယ် ။
< 09 4311 5202 / 09 2522 74890 )
သင်တန်းအကြောင်း မေးလေ့ရှိတဲ့ သင်ကြားမှုပုံစံ ၊
သင်တန်းကြေး ၊ လိပ်စာအတိအကျ ၊ သင်ထောက်ကူ ၊
စတဲ့ မေးခွန်းတွေကိုလည်း ဒီ link က Post မှာ ဖြေပေးထားပါတယ်ဗျာ ။
https://www.facebook.com/activeenglishmyanmar/posts/1106082832818255
:)

(1) Mon,Tue,Wed,Thu ( 7:00 - 8:30 AM )
> Elementary to Pre-intermediate - Part ( 1 ) Level
> စတင်ဖွင့်လှစ်မည့်နေ့ _ 29.8.2016
> သင်တန်းကာလ = ၂ လ > သင်တန်းကြေး = 55,000 kyat

(2) Mon,Tue,Wed ( 6:30 - 8:00 PM )
> Elementary to Pre-intermediate - Part ( 1 ) Level
> စတင်ဖွင့်လှစ်မည့်နေ့ _ 29.8.2016
> သင်တန်းကာလ = ၂ လခွဲ > သင်တန်းကြေး = 55,000 kyat

(3) Mon,Tue,Wed,Thu ( 9:00 - 11:00 AM )
> Elementary to Pre-intermediate - Part ( 1 ) Level
> စတင်ဖွင့်လှစ်မည့်နေ့ _ 29.8.2016
> သင်တန်းကာလ = ၁ လခွဲ > သင်တန်းကြေး = 55,000 kyat
Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment