MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ

ကျွန်တော့် သင်တန်းသားတွေနဲ့ စာဖတ်သူတွေကို
MLM Companies တွေရဲ့ သားကောင် မဖြစ်စေချင်လို့
ဒီ Post ကို တင်ပေးလိုက်တာပါ ။

MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
( https://www.facebook.com/groups/myanmarmlmtruth/ )

Group နာမည် အတိုင်းပါပဲ ။
ဒီ Group ထဲမှာ
၁။ MLM Companies တွေမှာ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ဖူးပြီး
ဒီ MLM Companies တွေကြောင့် ငွေကြေး ၊ အချိန် ၊ လူမှုရေး ၊
သိက္ခာ အစရှိသဖြင့် တစ်ခုခု နစ်နာခဲ့ဖူးသူတွေနဲ့
၂။ MLM Companies တွေမှာ ကိုယ်တိုင် ဝင်ရောက် မလုပ်ကိုင်ဖူးသော်လည်း
ကိုယ့်ရဲ့ ခင်မင်ရင်းနှီးသူ အချို့ ဝင်ရောက်လုပ်ကိုင်လို့ နစ်နာမှုတွေ ရှိခဲ့ရတာကို
မျက်မြင်ကိုယ်တွေ့ ကြုံဖူးလိုက်သူတွေ
၃။ MLM Companies တွေမှာ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ဖူးပြီး
MLM Companies / MLM System နဲ့ ဆိုးကျိုးတွေကို သိလို့ စွန့်ခွါလာခဲ့ပြီး
MLM  စနစ်ကို အတိအလင်း ဆန့်ကျင်သူတွေ
၄။  MLM Companies တွေမှာ ကိုယ်တိုင် ဝင်ရောက် မလုပ်ကိုင်ဖူးသော်လည်း
မိမိရဲ့ လေ့လာသုံးသပ်ဆင်ခြင်မှုအရ MLM စနစ်ကို
အတိအလင်း ဆန့်ကျင်သူတွေ  ( အသိပညာရှင် ၊ အတတ်ပညာရှင်တွေ )
ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပါတယ် ။

MLM ကြောင့် အများပြည်သူ ဆုံးရှုံးနစ်နာနေရတာကို မကြည့်ရက် ၊ မနေသာသူများ အနေနဲ့
MLM သားကောင် ဖြစ်သွားနိုင်တဲ့ နောက်ထပ် လူပေါင်းများစွာကို
သက်သေ သာဓကများနဲ့ အသိပညာပေး ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
( https://www.facebook.com/groups/myanmarmlmtruth )


Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment