song - ခရစ်စမတ်မှာ ကြားနေကျ သီချင်းလေး ... "Feliz Navidad"

Your Website Title
ခရစ်စမတ်မှာ ကြားနေကျ သီချင်းလေး တစ်ပုဒ်ရှိပါတယ် ...
"Feliz Navidad"  တဲ့ ။
ကျွန်တော် ငယ်ငယ်က အဲ့ဒီနေရာက ဘာဆိုလိုမှန်း သတိမထားမိခဲ့ဘူး ။

ကျွန်တော့်လို သတိမထားမိတဲ့လူတွေ သိအောင် ပြောပြချင်တာက
"Feliz Navidad"  ဆိုတာ စပိန်ဘာသာစကားနဲ့
" Merry Christmas " လို့ နှုတ်ဆက်လိုက်တာပါတဲ့ဗျာ ။
မြန်မာလိုဆိုရင်တော့ " ပျော်ရွှင်စရာ ခရစ်စမတ်ချိန်ခါ ဖြစ်ပါစေ " ပေါ့ ။

သီချင်း တစ်ပုဒ်လုံးကို ဒီစာစုလေး ၄ ခုနဲ့ ပဲ အဓိက သီကုံးစပ်ဆိုထားတာပါ ။
အဓိက ဆိုလိုရင်းပေါက်အောင်ပဲ  ဘာသာပြန်ပေးလိုက်ပါ့မယ် ။
:)

Feliz Navidad = Merry Christmas =  " ပျော်ရွှင်စရာ ခရစ်စမတ်ချိန်ခါ ဖြစ်ပါစေ "
Prospero año y felicidad  = A prosperous year and happiness
= ကြီးပွား အောင်မြင်သော နှစ်တစ်နှစ် နဲ့ ပျော်ရွှင်ခြင်း ( တွေလည်း ရရှိနိုင်ပါစေ ... )

Te deseo una feliz Navidad = I wish you a merry Christmas
Del fondo de mi corazón = From the bottom of my heart
ပျော်ရွှင်စရာ ခရစ်စမတ်ချိန်ခါ ဖြစ်ပါစေ လို့ ရင်ထဲကနေ
နက်နက်ရှိုင်းရှိုင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်...

ကဲပါ ...
အဓိပ္ပာယ် သိပြီဆိုတော့ သီချင်းလေးလည်း နားထောင်လိုက်ပါဦး ။
Cover သီချင်း ( ပြန်ဆိုတေး ) ဆိုတဲ့လူတွေထဲမှာ
ကျွန်တော် သဘောအကျမိဆုံး Walk off the Earth အဖွဲ့ရဲ့ version လေးပါ ။ 
:)

>>> https://www.facebook.com/activeenglishmyanmar/videos/1240722869354250/

- ကိုဇင်ဇေ

 "I wanna wish you a Merry Christmas from the bottom of my heart"
 ပျော်ရွှင်စရာ ခရစ်စမတ်ချိန်ခါ ဖြစ်ပါစေ လို့ ရင်ထဲကနေ
နက်နက်ရှိုင်းရှိုင်း ဆုတောင်းမေတ္တာ ပို့သလိုက်ချင်ပါတယ်ဗျာ .... :)


Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment