American Idol အကြောင်း သိချင်သူများ အတွက်


American Idol အကြောင်း သိချင်သူများ အတွက် ... :)

American Idol မှာက မဲပေးတဲ့ စနစ် ၅ ခုရှိတယ် ။

1. ဒီ www.americanidol.com/vote ကိုသွားပြီး Vote ရတယ် ။
Facebook အကောင့် တစ်ခုကနေ ပြိုင်ပွဲဝင် တစ်ယောက်အတွက် ၁၀ ကြိမ်အထိ Vote ပေးလို့ရတယ်  ။

2. FOX NOW ဆိုတဲ့ App ကို သုံးပြီး Vote ရတယ် ။ သုံးတဲ့ Device တစ်ခုကနေ
 ပြိုင်ပွဲဝင် တစ်ယောက်အတွက် ၁၀ ကြိမ်အထိ Vote ပေးလို့ရတယ်  ။

3. Google search ကနေ တဆင့် Google အကောင့် တစ်ခုကနေ
ပြိုင်ပွဲဝင် တစ်ယောက်အတွက် ၁၀ ကြိမ်အထိ Vote ပေးလို့ရတယ်  ။

4. ဖုန်းနံပါတ် တစ်ခုကနေ ပြိုင်ပွဲဝင် တစ်ယောက်အတွက် ၁၀ ကြိမ်အထိ စာပို့ပြီး Vote ပေးလို့ရတယ်  ။

5.  သတ်မှတ်ထားတဲ့ နံပါတ် တစ်ခုကို ဖုန်းခေါ်ပြီး မဲပေးလို့ရတယ် ။
( အဲ့ဒီ နံပတ်ကိုခေါ်ရင် ခေါ်တဲ့လူဘက်က ခေါ်ဆိုခ ပေးစရာ လုံးဝ မလိုဘူး )

*** ဘယ် Voting စနစ်ကိုပဲ သုံးပြီး မဲပေးပေး ...
 ပြိုင်ပွဲဝင် အတွက် ၁၀ ကြိမ်ထက် ပို Vote ပေးတာတွေကို ထည့်မတွက်တော့ဘူး ***

( ကိုယ့် #ActiveEnglishသင်တန်း သားတွေပါ စာလုပ်ဖြစ်အောင်
အောက်မှာ English လို တွဲပေးထားတယ် ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ကြဦး ... :) )

=========

How to Vote for American Idol:

    SuperVote online
– Go to www.americanidol.com/vote and vote up to 10 times per contestant per Facebook account.

    SuperVote on FOX NOW App
– Vote up to 10 times per contestant per device within the apps voting system.

    Google Search Voting
 – Give up to 10 votes per contestant per valid Google account via Google search.

    Text Voting
– Vote up to 10 times per contestant per phone number via Text Voting.
   
Toll-free Voting
– Vote up to 10 times per contestant per phone number via Toll-free Voting.

For each voting method, any vote attempts above 10 per contestant will not be counted.

=========

Myanmar Idol မှာ လက်ရှိ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့
ကျွန်တော် နားလည် ခံစားမိသလို ပြောရရင်ပေါ့လေ ...

Idol ဆိုတာ ကိုက ကိုယ် အရမ်းချစ်ခင်နှစ်လိုတဲ့
လူ ( သို့မဟုတ် ) တစ်စုံတစ်ရာ ကို ပြောတာ ခင်ဗျ ။
( i‧dol  / aɪdl /   noun  [ countable ]
- someone or something that you love or admire very much
Ref : Longman Contemporary English )

ဒီတော့ Idol ပြိုင်ပွဲဆိုတာ
အချစ် ခံ ပြိုင်ကြတာ ။
လူ ချစ်အောင် ပြောတတ် နေတတ်
လုပ်ကိုင်တတ်တဲ့လူက
ဒီပွဲမှာ ပို နေရာ ရမှာပါပဲ ။

အနုပညာ ကို ပြိုင်တာမှ မဟုတ်တာ ။
( အနုပညာ ဆိုတာကရော
ပြိုင်လို့ရတဲ့ ဟာမျိုး ဟုတ်လို့လား ? )

အဲ့ဒါကို ကိုယ်တွေက
အနုပညာ မျက်စိ အစစ် ကြီးနဲ့
လိုက် ခံစားနေလည်း အလကားပဲ ။
စိတ်လျှော့ဗျ ။

ခင်ဗျား ... အနုပညာ ဆိုတာကို
တကယ် နက်နက်နဲနဲ ချစ်လေ
ဒီလို သီချင်းဆို ပြိုင်ပွဲတွေဟာ
ခင်ဗျား အတွက်
အဓိပ္ပာယ် မဲ့လေလေ ဖြစ်နေမှာပဲ ... 😔😔😔

#ကိုဇင်ဇေ
#ActiveEnglish
#Myanmar #Idol

March လ အတွင်း အသစ်ဖွင့်လှစ်မည့် တန်းခွဲသစ်အချိန်ဇယားများ >>>
https://www.facebook.com/activeenglishmyanmar/posts/1300916776668192


အစစ အရာရာ အဆင်ပြေပါစေ
တခြား အသေးစိတ် သိချင်တာရှိရင် ဖုန်းဆက်ပြီးလည်း စုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ :)
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )



Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment