Close ကို Adjective အနေနဲ့ သုံးလို့ရတဲ့ အသုံး ၃ မျိုး ( Unicode Font )

" Close " ကို Verb အနေနဲ့ သုံးရင်
"ပိတ်သည်" လို့ အဓိပ္ပာယ်ကောက်နိုင်တယ်ဆိုတာတော့
သိပြီးသားဖြစ်ကြမှာပါ ။
:)

ဒီအောက်က စာတွေကို ဖတ်မရရင် ဒီလင့်ကို နှိပ်ပြီး ဖတ်လိုက်ပါဗျာ ။
 ဖောင့်ပြောင်းပြီးရေးပေးထားလို့ ဖတ်ရ အဆင်ပြေသွားမှာပါ ။ 


Adjective or Adverb အနေနဲ့ သုံးရင်ရော
ဘယ်လို အဓိပ္ပာယ်ကောက်နိုင်မလဲ ?
( အနည်းဆုံး ၃ မျိုး ကောက်နိုင်ပါတယ် )
.
.
.
.
.
Close ကို Adjective or Adverb အနေနဲ့ သုံးရင် အောက်ပါ အဓိပ္ပာယ်တွေ ကောက်နိုင်ပါတယ် ။

၁။ နီးကပ်သော
( Eg. I hate people standing too close to me.
လူတွေ ငါနဲ့ အရမ်းကပ်ပြီး ရပ်နေတာမျိုးကို သိပ်မုန်းတာပဲ ။ )

၂။ ရင်းနှီးသော
( Eg. She is one of my closest friends.
သူမက ငါ့ရဲ့ အခင်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပေါ့ ။ )
ဆိုတဲ့ အဓိပ္ပာယ်တွေကောက်နိုင်ပါတယ် ။

၃။ ကိုယ့်အကြောင်းကို သူများတွေကို မပြောပြချင်တဲ့ သိုဝှက်တဲ့ အကျင့်ရှိတဲ့ ... လို့လည်း
အဓိပ္ပာယ်ကောက်နိုင်ပါတယ် ။
( Eg. He's so close about his past.
သူက သူ့ အတိတ်နဲ့ ပတ်သက်ရင် သိုဝှက်လွန်းတယ် ။ )

အခုလောက်ဆို အဆင်ပြေမယ်ထင်ပါတယ် ။
တခြားအသုံးတွေလည်း အများကြီး ရှိနိုင်ပါတယ် ။
ဆက်လက် ချဲ့ထွင်လေ့လာနိုင်ပါစေဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ

Active English သင်တန်း
Phone :
09-4311-5202
09-25000-5174

အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊
တာမွေ အဝိုင်းထိပ် အနီး ၊ ရန်ကုန်မြို့ ။

...............

December လ အတွင်းဖွင့်လှစ်မယ့် သင်တန်း အချိန်ဇယား 



Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment