Active English - Video and Quizzes - Mobile App ( Unicode Font )
Active English သင်တန်းကနေ ပြီးတော့ အင်္ဂလိပ် ဘာသာစကား လေ့လာလိုသူ ၊ လေ့လာနေသူတွေ အတွက်
Mobile Application တစ်ခု ထုတ်ပေးလိုက်ပါတယ် ။
ဒီလင့်ကို နှိပ်ပြီး ရယူနိုင်ပါတယ် >>> ( http://www.mediafire.com/file/n9b0wxou1foffty/ )
ကျွန်တော် ( ကိုဇင်ဇေ ) ကိုယ်တိုင် သေချာ စုစည်းပေးထားတဲ့ အင်္ဂလိပ် ဘာသာစကားနဲ့ လူငယ်တိုးတက်ရေးဆိုင်ရာ သင်ခန်းစာတွေ ပါဝင်မှာပါ ။
( ထည့်ပေးပြီးသား သင်ခန်းစာတွေအပြင် အသစ်တွေ ထပ်ထပ် တိုးလာနေမှာပါ )
Active English မှာ သင်တန်း လာ မတက် ဖြစ်ပေမယ့်
အင်္ဂလိပ်ဘာသာစကားကို တကယ်ကြိုးစားလေ့လာချင်ပါတယ် ဆိုတဲ့
လူငယ်တွေ ၊ မိတ်ဆွေ သူငယ်ချင်းတွေ အဆင်ပြေပြေ လေ့လာနိုင်စေဖို့
အခမဲ့ ထုတ်ဝေ ဖြန့်ချီပေးတာ ဖြစ်ပါတယ် ။
အင်္ဂလိပ်ဘာသာစကား လေ့လာရေး ဆောင်းပါးတွေ ၊ သင်ခန်းစာတွေ ၊ Videos တွေ အပြင်
လူငယ် တိုးတက်ရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု တွေကိုပါ ထည့်သွင်းပေးထားပါတယ် ။
ကိုယ့်ဘာသာ ဖြေကြည့်နိုင်တဲ့ သဒါ္ဒ နဲ့ ဝေါဟာရ ဆိုင်ရာ လေ့ကျင့်ခန်းတွေပါဝင်ပြီး
ဖြေပြီးတာနဲ့ အမှတ် ချက်ချင်း သိရမှာ ဖြစ်ပါတယ် ။
ဆရာကိုဇင်ဇေ ရေးထားထားတဲ့ ဆောင်းပါးတွေ ၊ သင်ခန်းစာတွေ ၊ စိတ်ခွန်အားဖြည့် စကားတွေကို စုပေးထားတဲ့
စာအုပ် ၂ အုပ်လည်း ပါဝင်ပြီး နိုင်ငံတကာ စာအုပ် ( Ebooks ) အချို့လည်း ထည့်ပေးထားပါသေးတယ် ။
နောင်ကျရင် လူငယ် လူလတ် လူကြီးတွေ အတွက်သာမက
ကလေးတွေနဲ့ပါ သင့်တော်တဲ့ သင်ခန်းစာလေးတွေ လေ့လာစရာလေးတွေပါ
ထပ် ဖြည့်ပေးသွားမှာပါ ။
မိဘတွေ အနေနဲ့ ကိုယ့်ကလေးကို ဒီ လေး အသုံးချပြီး လေ့ကျင့် သင်ကြားပေးနိုင်ဖို့ အထိ ရည်ရွယ်ပါတယ် ။
ဒီလင့်ကို နှိပ်ပြီး ရယူနိုင်ပါတယ်ဗျာ >>> ( http://www.mediafire.com/file/n9b0wxou1foffty/ )
အဆင် ပြေပြေ လေ့လာနိုင်ပါစေ ။
အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
အသိပညာ နဲ့ အခွင့်အလမ်း ကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။
စေတနာဖြင့်
#ကိုဇင်ဇေ
Active English သင်တန်း တည်ထောင်သူ
ဖုန်း - 09 4311 5202 / 09 25000 5174 / 09 26 100 8186
သင်တန်းလိပ်စာ ။ အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေမြို့နယ် ။
0 comments :
Post a Comment